top of page
GED ပရိုဂရမ်
General Education Development (GED) ဆိုသည်မှာ အဘယ်နည်း။
-
GED ပရိုဂရမ်သည်အထက်တန်းကျောင်းဆင်းတစ်ဦးနှင့် ညီမျှသော အောင်လက်မှတ်ကို ပေးသည်။ အကယ်၍ သင့်တွင် ဤလက်မှတ်ရှိပါက၊ တက္ကသိုလ်ဝင်ခွင့်အတွက် မြန်မာစာတန်း-၁၀ ဒီပလိုမာကို အသုံးပြုရန် မလိုအပ်တော့ပါ။
-
ရွှေ့ပြောင်းကျောင်းများတွင် ၉ တန်းအောင်ပြီးပါက ကျောင်းသူ၊ ကျောင်းသားများသည် GED ပရိုဂရမ်တွင် တက်ရောက်နိုင်ပါသည်။
ဤ ပရိုဂရမ်ကို ပါဝင်ရန် နည်းလမ်း (၂) မျိုးရှိပါသည်။
ဤနည်းလမ်းဖြင့် လျှောက်မည်ဆိုပါက ကျောင်းသားသည် အသက် (၁၅) နှစ်ဖြစ်ရပါမည်။
1. ပရိုဂရမ်သို့ တိုက်ရိုက်လျှေ ာက်ခြင်း။
2. Thai NFE ပရိုဂရမ်များနှင့် ချိတ်ဆက်ထားသော အတန်းကျောင်းများမှတဆင့် အ စီအစဉ်တွင် ပါဝင်ခြင်း။
ရွှေ့ပြောင်းကျောင်းအများစုသည် ထိုင်း NFE ပရိုဂရမ်များနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။ ဤနည်းလမ်းဖြင့် ထိုင်း NFE ကို တက်မည်ဆိုပါက ကျောင်းသားသည် အသက် အနည်းဆုံး (၁၃) နှစ် ရှိရပါမည်။
Thai Non-Formal Education
Thai NFE ဆိုသည်မှာ အဘယ်နည်း။
-
Thai NFE သည် ကျောင်းပြင်ပ ပရိုဂရမ်တစ်ခုဖြစ်သည်။ ကျောင်းသားတစ်ဦးသည် ထိုင်းပညာရေးကို တစ်နှစ်တွင် နှစ်တန်း တက်နိုင်မည်။ ကျောင်းသားများသည် ဘယ်အသက်အရွယ်မဆို၊ သို့မဟုတ် ဘယ်အတန်းဘဲ ပြီးခဲ့ပါစေ Grade.1 မှ စတင်ရမည်ဖြစ်သည်။
-
ထိုင်းကျောင်းပြင်ပပညာရေး (Thai NFE)တွင် ပါဝင်တက်ရောက်ခြင်းဖြင့် ကျောင်းသူ၊ ကျောင်းသားများသည် အထက်တန်းကျောင်းနှင့် ညီမျှသော ဒီပလိုမာကို ခြောက်နှစ်အတွင်းရယူ နိုင်မည်ဖြစ်သည်။
-
ကျောင်းသူ၊ ကျောင်းသားများသည် မြန်မာနိုင်ငံ၌ သင်ကြားသော ဘာသာရပ်များနှင့် အလားတူသော ပညာရပ်များကို သင်ကြားမည်ဖြစ်သည်။ ထို့ကြောင့်၊ မြန်မာနိုင်ငံအတွင်း ကျောင်းပြန်တက်ရာတွင် ကျောင်းသူ၊ ကျောင်းသားများအတွက် လွယ်ကူမည်ဖြစ်ပါသည်။
-
ကျောင်းသူ၊ ကျောင်းသားများတို့သည် ထိုင်းကျောင်းပြင်ပပညာရေး (Thai NFEs) တွင် ပါဝင်ခွင့်လည်း ရရှိမည်ဖြစ်ပြီး ၎င်းတို့သည် အပြီးအထိပါဝင်ပါက ထိုင်းပညာရေးစနစ်မှ အသိအမှတ်ပြုမှုသော အောင်လက်မှတ်ကို ရယူနိုင်ပါသည်။
အားသာချက်
-
ဤကျောင်းများမှ သင်ရရှိသော အောင်လက်မှတ်ကို တက္ကသိုလ်များ လျှောက်ထားရာတွင် အသုံးမပြုနိုင်ပါ။
General Education Development (GED) ပရိုဂရမ်ကဲ့သို့သော နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ပေးအပ်သည့် ပရိုဂရမ်များ သို့မဟုတ် မြန်မာတက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုရန် လိုအပ်သည်။
အားနည်းချက်
မဲဆောက်တွင် မြန်မာစာတန်းကျောင်းများနှင့် အလားတူဘာသာရပ်များကို သင်ကြားပေးသည့် အတန်းကျောင်းများရှိသည်။ အဆိုပါကျောင်းများတွင် (၁၀) တန်းအောင်ပြီးပါက မြန်မာပြည်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနိုင်ပါသည်။
မဲဆောက်မှ ရွှေ့ပြောင်းကျောင်းတွင် ထားချင်ပါသလား။
ရွှေ့ပြောင်းကျောင်းများ
bottom of page